Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၄ အရ တစ်နေရာတည်းတွင် လုပ်ငန်းများပြီးစီးစေရန် ဖွဲ့စည်းခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့၏ခေါင်းဆောင်အဖြစ် တာဝန်ယူပါသည်။ ရည်ရွယ်ချက်:
- ရင်းနှီးမြှုပ်နှံသူများမှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် လမ်းညွှန်ချက်ပေးရန်၊
- ရင်းနှီးမြှုပ်နှံမှုအား အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ ဥပဒေအရ လျှောက်ထားတင်ပြရန် လိုအပ်သည့် လျှောက်ထားလွှာများအား အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ ကိုယ်စားလက်ခံရန်၊
- ဥပဒေပုဒ်မ ၄၈ (က) အရ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှ ပြုလုပ်နိုင်သည့် ဆုံးဖြတ်ချက်(သို့မဟုတ်)ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များအား တောင်းခံသည့် တောင်းဆိုမှု များအား လက်ခံသွားရန်၊
- နစ်နာဆုံးရှုံးမှုများဖြေရှင်းရန် ရင်းနှီးမြှုပ်နှံမှုအကူအညီပေးရေး ကော်မတီအားထောက်ပံ့ကူညီရန် နှင့် ရင်းနှီးမြှုပ်နှံသူများအား အကူအညီပေးရန်၊
- ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေး ဌာနခွဲအား အကူအညီပေးသွားရန်၊
ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ကို အောက်ဖော်ပြပါ အစိုးရာဌာနများဖြင့် ဖွဲ့စည်းထားပါသည်-
- ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
- ကုန်သွယ်ရေးဦးစီးဌာန
- အကောက်ခွန်ဦးစီးဌာန
- ပြည်တွင်းအခွန်များဦးစီးဌာန
- မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန
- ငါးလုပ်ငန်းဦးစီးဌာန
- စိုက်ပျိုးရေးဦးစီးဌာန
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
- သတ္တုတွင်းဦးစီးဌာန
- လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
- အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
- စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
- မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာန
- ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်
- လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
- ကော်မရှင်က အခါအားလျော်စွာ သတ်မှတ်သည့် ဌာနများ
ဆက်သွယ်ရန်
DAW TIN AYE HAN
Deputy Director General
Phone No. – 01 658144
U MYO KHAING OO
Director, OSS
Phone No. – 01 658263