Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Grow Your Business In The Golden Land Of Opportunity
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
၂၀၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်လာခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမှန်စာရင်းပြုစုနိုင်ရေးနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သဘောတရားများ၊ Survey Form ဖြည့်နည်းတို့ကို သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ စတင်ကျင်းပခဲ့ပါသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲမှ ဘာသာရပ်ကျွမ်းကျင်သူများနှင့် ပြင်ပ Outsourcing မှ Financial & Accounting ကုမ္ပဏီ၏ ကျွမ်းကျင်ပညာရှင်တို့က FDI Concept ၊ Definition ၊ Methodologies နှင့် Survey Questionnaire Form ဖြည့်သွင်းနည်းများကို ဆွေးနွေးပို့ချခဲ့ပါသည်။အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တစ်ရက်လျှင် ၄၅ ခုနှုန်းဖြင့် စုစုပေါင်း ကုမ္ပဏီပေါင်း (၉၀)ခုတို့၏ အထွေထွေမန်နေဂျာများ၊ Financial Controller များ၊ Chief Accountants များနှင့် Accountants များ ပါဝင်သည့် ကိုယ်စားလှယ် (၁၇၀)ကျော် တက်ရောက်ခဲ့ကြ ပါသည်။အလုပ်ရုံဆွေးနွေးပွဲရလဒ်အဖြစ် ယခု တက်ရောက်လာသော ကုမ္ပဏီများနှင့် ယခင် Survey များတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကုမ္ပဏီ (၁၅၀)ခု စုစုပေါင်း (၂၅၀) ခုအတွက် Survey ကောက်ယူမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအမှန်စာရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
POSTED ON 31 Oct 2024167_struck_off_0-1-1Download
POSTED ON 19 Nov 2024166_struck_off-2Download
POSTED ON 08 Nov 2024စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် ရှိပါ သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံတွင်အကျိုးတူစီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဆောင်ရွက်မှုမပြုခင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမပြုခင် ယင်းပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသားဖြစ်လျှင်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်လျှင်သော်လည်းကောင်း မှတ်ပုံတင်ခြင်းသည် ၄င်းပြုလုပ်ရမည့် ပထမဆုံးအဆင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါ ပုံစံတစ်ခုအနေဖြင့် မှတ်ပုံတင်နိုင်ပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊ အထူးကဏ္ဍဖွံ့ဖြိုးမှုများနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များအား ပုံမှန်ထုတ်ပြန်ခြင်းများအတွက် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။